Home Audio Recording Studio တစ်ခုအတွက် အခြေခံလိုအပ်သော ပစ္စည်းများ နှင့် လုပ်ဆောင်ပုံများ
Home Audio Recording Studio

Home Audio Recording Studio တစ်ခုအတွက် အခြေခံလိုအပ်သော ပစ္စည်းများ

၁ ။ PC or Laptop or Macbook
၂ ။ Audio Interface ဆောင်းကဒ်
၃ ။ ကွန်ဒန်ဆာ အသံဖမ်းမိုက်
၄ ။ စတူဒီယို မော်နီတာ စပီကာ
၅ ။ နားကျပ်
၆ ။ လေစစ်စကာ ( Pop Filter )
၇ ။ မိုက်စတန်း
ကျန်တာကတော့ တတ်နိုင်ရင် တတ်နိုင်သလို
Midi KB – Keyboard – Guitars & Effect – Drum စသဖြင့်လိုအပ်ပါတယ် ။

၁ ။ ကွန်ပြူတာ ( ဝင်းဒိုးကွန်ပြူတာ သို့ ပန်းသီးကွန်ပြူတာ )

ပထမဦးစွာ ပြောပြချင်တာကတော့ ကွန်ပြူတာ အပိုင်း ပါ ။ ကွန်ပြူတာ ဆိုတဲ့အပိုင်း မှာ မြန်မာပြည်မှာ လူသုံးများတဲ့ ဝင်းဒိုး PC – လက်တော့ပ် နဲ့ ပန်းသီး Apple Mac တွေ ရှိ့ပါတယ် ။ မိမိတို့ Studio မှာ တူရိယာအစစ်တွေ အသုံးပြုတာ ရှိ့သလို့ VST Virtual instrument တူရိယာဆောစ်ဝဲ ( ဒရမ် – ဂစ်တာ – ဘေစ် – ကီးဘုတ် ) တွေလည်း သုံးကြတာရှိ့ပါတယ် ။ ဒီ Virtual instrument Plugin ဆောစ်ဝဲတွေဟာ ကွန်ပြူတာ ရဲ့ Cpu နဲ့ မန်မိုရီတွေကို အသုံးြ့ပုပြီး တကယ့် ဒရမ် – ဂစ်တာ – ဘေစ် – ကီးဘုတ် အသံတွေထွက်အောင် ဖန်တီးပေးပါတယ် ။ နောက် အသံချိန်ညှိ့ခြင်း Mixing & Mastering တွေအတွက် Eq – Compressor – Reverb – Delay စတဲ့ effect plugin တွေဟာလည်း အလားတူ ကွန်ပြူတာ ရဲ့ Cpu နဲ့ မန်မိုရီတွေကို သုံးစွဲပါတယ် ။

သုံးစွဲမည့် ကွန်ပြူတာ အနိမ့်ဆုံး Celeron Cpu မဟုတ်သော Cpu ( တတ်နိုင်လျှင်တော့ Cpu ကို i3 အနိမ့်ဆုံး စဆင်သင့်ပါတယ် ။ ) Celeron Cpu ဟာ သာမန် ရုံးသုံး စာစီစာရိုက် စနစ်လောက်သာ စွမ်းဆောင်နိုင်တာကြောင့် Audio Recording မှာ သုံးစွဲတဲ့ Plugin များ ကို မနိုင်နင်းပါ ။ ဒါကြောင့် မသုံးစွဲဖို့ သတိပေးရတာပါ ။
မန်မိုရီ Ram ပမာဏ 2GB လောက်ဆို Nuendo လို အသံဖမ်းဆောစ်ဝဲ နဲ့ သာမာန်အဆိုဖမ်းယူရုံလောက် သုံးစွဲနိုင်သောလည်း Plugin များ သုံးစွဲပါက မနိုင်နင်းနိုင်ပါ ။ တတ်နိုင်လျှင် မန်မိုရီ Ram ကို 8GB – 16 GB လောက် သုံးစွဲသင့်ပါတယ် ။
ဒီတော့ ကျနော်အနေနဲ့ အကြံပေးရမယ်ဆို ကွန်ပြူတာဆင်မယ်ဆို Cpu = i3 – မန်မိုရီ 8GB – ဟာဒ်ဒစ် အနည်းဆုံး 500GB နဲ့ အထက် ဆင်စေချင်ပါတယ် ။ ဒါမှသာ အလုပ်လုပ်တဲ့ နေရာမှာအဆင်ပြေပြေလုပ်ဆောင်နိုင်မှာပါ ။ တတ်နိုင်လျှင်တော့ ဝင်းဒိုးစစ်စတမ်ကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ရန် Solid State Harddisk သုံးစွဲနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ် ။
ကျနော်ပုံမှန်ဆင်တာကတော့ UNiQUE ကွန်ပြူတာဆိုင်မှာ ဆင်ပါတယ် ။ ဈေးမှန်ပြီး အာမခံ စိတ်ချရလို့ပါ ။ ကျန် Recording ပစ္စည်းအားလုံးကတော့ ကျနော့်ဆီမှာ တော်တော်များများ ဝယ်ယူရရှိ့နိုင်ပါတယ် ။

၂ ။ Audio Recording မှာ မပါမဖြစ်ပါဝင်ရတဲ့ Audio Interface ( မြန်မာပြည် အခေါ်အားဖြင့် ဆောင်းကဒ် )

ဒီ Audio Interface ကို ဘာကြောင့် မသုံးမဖြစ်သုံးရလည်းဆိုတာ အလွယ်သဘောပေါက်အောင် ရှင်းပြပါရစေ ။ ကျနော်တို့ ပြင်ပ က အသံတွေကို ကွန်ပြူတာ ထဲတွင် ဖမ်းယူသိမ်းဆည်းရန်အတွက် သူက အဓိကလုပ်ဆောင်ပေးပါတယ် ။ ကျနော်တို့ပြင်ပက အသံတွေကို Analog လို့ ခေါ်ပါတယ် ။ ဒီ Analog data တွေကို ကွန်ပြူတာက နားလည်တဲ့ Digital data တွေ ဖြစ်အောင် ဒီ ဆောင်းကဒ်တွေက ပြောင်းလဲပြီး ကွန်ပြူတာမှာ သိမ်းဆည်းပေးပါတယ် ။ ကွန်ပြူတာမှာ ကျနော်တို့ ဖမ်းယူသိမ်းဆည်းထားတဲ့ အသံဖိုင်တွေကို အပြင်စပီကာတွေနဲ့ ပြန်ဖွင့်နားထောင်မယ့်အချိန်မှာတော့ သူက Digital data တွေကို Analog data တွေအဖြစ် ပြန်လည်ပြောင်းလဲထုတ်လုပ်ပေးပါတယ် ။
ကျနော်တို့ ကွန်ပြူတာ ဝယ်ယူရာမှာ ကနဦးပါရှိ့လာတဲ့ မားသားဘုတ်ပေါ်က Sonund Chipset တွေမှာလည်း ဒီလုပ်ဆောင်ချက်ပါဝင်ပါတယ် ။ ဒါပေမယ့် သူက သီချင်းနာထောင်ယုံ ၊ ကွန်ပြူတာက အသံအပြင်ကို ထုတ် ကြားနိုင်ဖို့လောက်သာ အသုံးပြုနိုင်တဲ့ အရည်အသွေးပဲ ရှိ့ပါတယ် ။ ဒါကြောင့် ကျနော်တို့က ကွာလတီ ပြည့်ဝတဲ့ အသံတွေကို ရရှိ့ဖို့အတွက် ဒီ Audio Interface လို့ခေါ်တဲ့ ဆောင်းကဒ်တွေကို အသုံးပြုရခြင်းဖြစ်ပါတယ် ။

ဒီ Audio Interface လို့ခေါ်တဲ့ ဆောင်းကဒ်တွေမှာ အမျိုးအစား အမျိုးမျိုး ရှိ့ပါတယ် ။ ယခင်အစောပိုင်းကတော့ ကွန်ပြူတာမားသားဘုတ် ရဲ့ PCI Slot မှာ ထည့်သွင်းတပ်ဆင်ရတဲ့ ဂရပ်ဖစ်ကတ် ၊ နက်ဝပ်ကဒ်တွေလိုမျိုး PCI card တွေပါ။
နောက်ပိုင်းမှာတော့ တိုးတက်ပြောင်းလဲလာမှု့နဲ့အတူ ကွန်ပြူတာ ပြင်ပကနေ ချိတ်ဆက်နိုင်တဲ့ USB Audio Interface – Firewire Audio Interface ကနေ ယနေ့ခေတ် ပန်းသီးကွန်ပြူတာတွေမှာသာ အသုံးပြုနိုင်တဲ့ Thunderbolt Audio Interface တွေအထိပဲ ဖြစ်ပါတယ် ။ အနိမ့်ဆုံးဆောင်းကဒ် တွေဟာ အသံလိုင်း ၂ ခု ကို ကွန်ပြူတာ အသံဖမ်းဆောစ်ဝဲထဲမှာ အသံဖမ်း Track ၂ ခု တစ်ပြိုင်တည်း ဖမ်းပေးနိုင်ပါတယ် ။ ( ဥပမာ ဂစ်တာ နှင့် အဆိုသံ )

ကျနော်တို့ Home Studio ( အိမ်တွင်းအသံဖမ်းစတူဒီယို ) အများစုမှာတော့ Window & Mac ကွန်ပြူတာမရွေး မသုံးပြုနိုင်တဲ့ USB Audio Interface တွေကို အသုံးများကြပါတယ် ။

၃ ။ ကွန်ဒန်ဆာ အသံဖမ်းမိုက်

ကွန်ဒန်ဆာ အသံဖမ်းမိုက်တွေဟာ ကျနော်တို့ စတိတ်ရှိုးတွေမှာ သုံးစွဲတဲ့မိုက်တွေထက် အသံဖမ်းနိုင်စွမ်းအား ပိုမိုမြင့်မားပါတယ် ။ အဖျားသတ် တုန်ခါသံလေးတွေ – အသံသေးသေးမျှင်မျှင်လေးတွေက အစ အသေးစိတ် ဖမ်းယူနိုင်ပါတယ် ။ အသံဖမ်းယူနိုင်စွမ်းများလို့လည်း ပါတ်ဝင်းကျင်က မလိုအပ်တဲ့ အသံတွေ မပါဝင်အောင် ကျနော်တို့က အဆိုသမားအတွက် သီးသန့်အသံလုံခန်း တည်ဆောက်ပေးရတာပါ ။
ကွန်ဒန်ဆာ အသံဖမ်းမိုက်တွေဟာ သာမန်မိုက်တွေလို မဟုတ်ပဲ Phantom Power လို့ခေါ်တဲ့ 48 volt ပေးမှ အလုပ်လုပ်ပါတယ် ။ အခုခေတ်ဆောင်းကဒ်တိုင်းမှာ 48 volt ပေးတဲ့ စနစ်ပါရှိ့ပါတယ် ။

၄ ။ စတူဒီယို မော်နီတာ စပီကာ

ကျနော်တို့ ဖမ်းယူတဲ့အချိန် နဲ့ အသံပိုင်းရောနှော Mixing – Mastering အပိုင်းတွေ အားလုံးပြုလုပ်တဲ့အခါ မှန်ကန်တဲ့ အသံထွက်ကို နားထောင်နိုင်ဖို့ စတူဒီယို မော်နီတာ စပီကာ တစ်ခု လိုအပ်ပါတယ် ။ ကျနော်တို့ သာမာန်သီချင်းတွေ နားထောင်တဲ့ စပီကာတွေဟာ နားဆင်သူကို နားထောင်ကောင်းစေဖို့ ပြုပြင်ပြောင်းလဲမှု့တွေနဲ့ အသံထုတ်ပေးပါတယ် ။ ကျနော်တို့ ဖမ်းယူထားတဲ့ အသံတွေရဲ့ အကျိုးအပြစ် ရှာဖွေပြုပြင်ဖို့အတွက် အဆင်မပြေပါဘူး ။ ဒါကြောင့် Flat ဖြစ်တဲ့ ဖမ်းယူထားတဲ့ အသံတွေကို နဂိုသဘာဝအတိုင်း တိတိကျကျ ပြန်ထုတ်ပေးနိုင်တဲ့ ဥပမာ Yamaha HS5 လိုမျိုး စတူဒီယို မော်နီတာ စပီကာ တစ်စုံ ဟာ စတူဒီယိုတွေအတွက် လိုအပ်ပါတယ် ။

၅ ။ နားကျပ်

အဆိုသမားဟာ အသံလုံခန်းမှာ သီဆိုရတာဖြစ်တဲ့အတွက် သူ့အတွက် နားကျပ် တစ်စုံကတော့ မဖြစ်မနေလိုအပ်ပါတယ် ။ သုံးစွဲမယ့် နားကျပ်ဟာ တန်ဖိုးကြီး မဟုတ်တောင် သုံးစွဲမှု့မှန်ကန်တဲ့ နားကျပ်တစ်ခုတော့ ဖြစ်ရပါမယ် ။ အဆိုသမားအတွက် နားကျပ် မှ တီးလုံး အသံထုတ်ပေးမှု့ဟာ Low – Mid _ High ပြည့်ပြည့်၀၀ ထွက်မှ သီဆိုသူအတွက် အဆင်ပြေပါမယ် ။ နားအုပ်ထားတဲ့အချိန် အပြင်ကို အသံလျှံမထွက်တဲ့ နားကျပ်ဖြစ်ဖိုကလည်း လိုအပ်ပါတယ် ။ အသံလျှံထွက်ပါက အသံဖမ်းကွန်ဒန်ဆာမိုက်မှ တဆင့် ကျနော်တို့ ဖမ်းယူတဲ့ အဆိုလိုင်းမှာ ဆူညံသံအဖြစ်ပါဝင်နေပြီး အသံအရည်အသွေး ကျဆင်းစေပါလိမ့်မယ် ။

၆ ။ လေစစ်စကာ ( Pop Filter )

သီဆိုသူ ရဲ့ ပါးစပ်မှ လေထုတ်မှု့ဟာ ကွန်ဒန်ဆာမိုက် မှာ လာလာဆောင့်ပါတယ် ။ ဒီ အသံကို မပါစေချင်လို့ ကျနော်တို့က လေစစ်စကာ ( Pop Filter ) ကို သုံးစွဲ ပေးရပါတယ် ။

၇ ။ မိုက်စတန်း

မိုက်စတန်း ကို ဈေးသက်သာတာကြည့်မဝယ်စေချင်ပါဘူး .။ ကွန်ဒန်ဆာမိုက်တွေဟာ အလေးချိန် အတော်အတန်ရှိ့တဲ့အတွက် သုံးစွဲမယ့် မိုက်စတန်း က တောင့်တင်းဖို့ လိုပါတယ် ။ အပေါ်စား မိုက်စတန်း သုံးစွဲပါက လဲကျခဲ့ရင် တန်ဖိုးကြီးတဲ့ ကွန်ဒန်ဆာမိုက် ပျက်စီးပါမယ် ။
ယခင်ကတော့ Recording ဆိုတာ အသံဖမ်း စတူဒီယိုအကြီးတွေသာ ရှိ့ပါတယ် ။ ကျနော်တို့ဟာ အသံသွင်းယူမှု့ပြုတော့မယ်ဆို စတူဒီယိုတွေမှာ ရက်ကြိုချိတ်ပြီး အဖွဲ့လိုက် တီး ဆို အသံသွင်းကြရပါတယ် ။ အခုခေတ်မှာတော့ နည်းပညာ အားသာချက်အရ ကျနော်တို့ဟာ ၂သိန်းဝန်းကျင် နဲ့ USB Audio Interface တစ်ခုကိုဝယ်ယူပြီး မိမိတို့အိမ်က ကွန်ပြူတာ နဲ့ ချိတ်ဆက်ကာ Nuendo – Cubase – Pro Tool စတဲ့ အသံဖမ်းဆောစ်ဝဲများအသုံးပြုပြီး အိုးမကွာအိမ်မကွာ အသ့ဖမ်းယူတည်းဖြတ်ခြင်းတွေ ပြုလုပ်နိုင်ကြပါပြီ ။ အင်တာနက်လည်း ဟိုးအရင်အချိန်ကာလတွေထက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ကြပြီ ဖြစ်လို့ လိုအပ်တဲ့ နည်းပညာတွေကိုလည်း Facebook Page – Group – Page များသာမက ၊ ဝပ်ဆိုက်များ ၊ သိချင်တာကို အလွယ်တကူရှာဖွေနိုင်တဲ့ Utube မှ သင်ခန်းစာများကို လေ့လာအသုံးချနိုင်ကြပါပြီ ။
ပထမဦးစွာ လက်တောပ် သို့မဟုတ် Desktop ကွန်ပြူတာတစ်လုံး ရှိ့၇ပါမယ် ။ ပြီးလျှင် USB Audio Interface တစ်လုံးကို ကွန်ပြူတာနဲ့ ချိတ်ဆက်မယ် ။ ကိုယ်အသုံးပြုမယ့် USB Audio Interface ရဲ့ Driver Software ကို ကွန်ပြူတာမှာ သွင်းယူမယ် ။ ဒါဆို ပထမဦးဆုံး USB Audio Interface ကို ကွန်ပြူတာ မှာ စတင်အသုံးပြုဖို့ ပြင်ဆင်ပြီးပါပြီ ။

ထို့နောက် Nuendo – Cubase စတဲ့ အသံဖမ်းဆောစ်ဝဲတစ်ခုကို ထပ်သွင်းပါမယ် ။ အသံဖမ်းဆောစ်ဝဲ ရဲ့ Device မှာ မိမိရဲ့ USB Audio Interface ကို ချိတ်ဆက်သတ်မှတ်ပြီးပြီ ဆိုရင်တော့ စတင်ပြီး အသံဖမ်းယူနိုင်ပါပြီ ။

အလွယ်ကူဆုံးဥပမာပေးရလျှင် အသံဖမ်းဆောစ်ဝဲမှာ အသံဖမ်းယူဖို့ Audio Track လို့ ခေါ်တဲ့ အသံဖမ်းယူဖို့ လိုင်းတစ်လိုင်းကို ယူပါမယ် ။ ကိုယ်ပြုလုပ်မယ့် သီချင်းရဲ့ အနှေးအမြန် တန်ဖိုးကို ချိန်ညှိပြီး Hollow Guitar ကို မိုက် သို့မဟုတ် ဂျက်ကြီုးအသုံးပြုပြီး ဆောင်းကဒ် နဲ့ ချိတ်ဆက် အသံဖမ်းယူပါမယ် ။ ပြီးလျှင် နောက်ထပ် Audio Track တစ်လိုင်း ထပ်ယူပြီး အဆိုလိုင်းကို သီဆိုဖမ်းယူပါမယ် ။ ပြီးလျှင် ဒီအသံဖမ်းယူထားတဲ့ ၂ လိုင်းကို လိုအပ်တဲ့ အဖက်လေးတွေ ကိုယ်နားလည်သလိုထည့်ပြီး နားထောင်ကောင်းအောင်ချိန်ညှိပြီး Mp3 or Wave တစ်လိုင်းထဲပေါင်း Mixdown ပြုလုပ်ပြီး အနိမ့်ဆုံး အင်တာနက်ပေါ်တင်လို့ရပါပြီ ။

Share:

Leave a Comment

Your email address will not be published.

0

TOP

X