About the Store

တူရိယာတွေနဲ့ အသံဖမ်း (Recording) ပစ္စည်းများကို အဓိကထားရောင်းချလျက်ရှိတဲ့ Ko Phoe Aye Turiyar Store ကို 2015 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပါတယ်။ ယနေ့တိုင် ဂီတပညာရှင်များကြား အောင်မြင်ကျော်ကြားနေတဲ့ Turiyar Store တစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင်က Music Player ဘဝက လာခဲ့တာကြောင့် ဝယ်ယူတဲ့ ဘဝတူဂီတသမားတွေရဲ့ လိုအပ်ချက်ကိုသိပြီး စေတနာ အဓိကထား ဆက်ဆံရောင်းချပေးနေပါတယ်။ ထို့ကြောင့် နာမည်ကျော် ဂီတအနုပညာရှင်များမှအစ ဝါသနာရှင်လူငယ်တွေအထိ စိတ်ချယုံကြည်အားပေးဝယ်ယူမှုကို ရရှိထားပါတယ်။
Ko Phoe Aye Turiyar Store ရဲ့ ရည်မှန်းချက်ကတော့ ဝါသနာတူ ဂီတလောကသားအားလုံးအတွက် စျေးအချိုသာဆုံးနဲ့ ပစ္စည်းအစုံလင်ဆုံး ရောင်းချပေးနိုင်ဖို့ ဖြစ်ပါတယ်။

Some of Our Customers