Casio CT-X3000 61-key Portable Keyboard

Casio CT-X3000 61-key Portable Keyboard

Ks600,000.00

61-key Portable Keyboard with 800 Instrument Tones, 260 Accompaniment Styles, USB to Host/Device, 3.5mm Auxiliary Input, and Stereo Speakers

Categories: , , Tag: Brand:

အပြောင်းအလဲမြန်တဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ဂီတတူရိယာပစ္စည်းတွေကလည်း ကျန်မနေခဲ့ပါဘူး ။ Company တစ်ခု နဲ့ တစ်ခု အပြိုင်အဆိုင် တိုးတက်တီထွင်ဖန်တီးနေကြပါတယ် ။

ဒီအထဲ မှာ ထူးထူးခြားခြားပြောင်းလဲတိုးတက်လာတာကတော့ Casio Keyboard တွေလို့ ပြောရင် မှားမယ်မထင်ဘူး ။
အရင်က ကျနော်တို့ မြင်တွေ့တီးခတ်ခဲ့ဖူးကြတဲ့ Casio Keyboard တွေဟာ အသံကာလာ စိတ်ပျက်စရာပါ – style တွေဆိုလည်း ဘယ်လိုမှ နားထဲ အဆင်မပြေခဲ့ဘူး ။

အခုတော့ Casio Keyboard တွေက ကျနော်တို့ အမြင်ကို ပြောင်းပြန်လှန်ပြလိုက်သလို ပြောင်းလဲမှု့တွေက အံအားသင့် ကျေနပ်စရာ ကောင်းလွန်းပါတယ် ။

ငွေကျပ် ၃ သိန်းကျော်တန် Casio CT-X3000 61-key Portable Keyboard လေးကို လေ့လာကြည့်ရအောင် …..

သူ့မှာ အသံကာလာ ၈၀၀ – စတိုင် ၂၆၀
Piano သံလေး တစ်ခုပဲ အရင် စမ်းတီးကြည့်လိုက်တယ် – သူ့ရဲ့ Piano အသံကာလာ က ဈေးတန်းတူ ကီးဘုတ်တွေ အားလုံးထဲမှာ ထူးထူးခြားခြား အရမ်းပိုကောင်းနေတယ် ။
စန္ဒရားခလုပ်ပုံစံတည်ဆောက်ထားလို့ မျက်စိအမြင်မှာလည်း ခန့်ညားလှပပါတယ် ။

ဈေးတန်းတူ ကီးဘုတ်အားလုံးထဲမှာ USB စတစ် သုံးလို့ရတာခြင်း အတူတူကို သူက ကီးဘုတ်ထဲ စတိုင် အခု ၅၀ သိမ်းလို့ရတဲ့အပြင် သူ့မှာ စတိုင်ရိုက်လို့ရတာက နှစ်သက်စရာကောင်းပါတယ် ။ One Man Keyboard တွေမှာ Style Program ရိုက်တာကို လေ့လာချင်တယ် ။ သို့သော် ကီးဘုတ် ဈေးအမြင့်တွေလည်း မတတ်နိုင်သေးဘူး ဆိုသူများအတွက်လည်း သင်တီးလေ့ကျင့်လို့ အဆင်ပြေတာပေါ့နော် ။

ဒါတင်လားဆိုတော့ ဒီဈေးတန်း အခြား ကီးဘုတ်တွေထဲမှာ မရနိုင်တဲ့ main Body ၄ ခု ၊ အသံကာလာ ဆိုလည်း ၈ ခု မှတ်ထားလို့ရတဲ့အပြင် အသံကာလာတွေချိန်းတဲ့အချိန် Transport – Tempo – Style တွေ မပြောင်းလဲသွားဖို့ Freeze ဖန်ရှင်ပါ ထည့်သွင်းပေးလိုက်ပြန်တယ် ။ Wave Recording – Playback အားလုံးရတဲ့အပြင် အဆိုသံပါ ဖျောက်လို့ရတယ် ။

PITCH BEND လဲပါ – Touch-responsive လည်းပါတော့ အဖိအဖေါ့လေးတွေနဲ့ လှပတဲ့ သံစဉ်တွေ တီးခတ်နိုင်ပြီပေါ့ ။ USB Host အပေါက် ပါဝင်လို့ USB ပရင်တာကြိုး အသုံးပြု ကွန်ပြူတာ နဲ့ ချိတ်ဆက်ပြီး Home Audio Recording Studio မှာ Midi Controller Keyboard တစ်လုံး အဖြစ်လည်း အသုံးပြုနိုင်ပါတယ် ။

https://www.facebook.com/100008363470861/videos/2287922034829890/?t=5

https://www.facebook.com/757159554619088/videos/322735745098433/?t=4

https://www.facebook.com/100008363470861/videos/2198852443736850/?t=5

https://www.facebook.com/1644516375816922/videos/321534551778951/?t=5

https://www.facebook.com/757159554619088/videos/511418256043631/?t=2

0

TOP

X