Yamaha PSR-E373 61-key Portable Arranger

Yamaha PSR-E373 61-key Portable Arranger

Ks250,000.00

61-key Portable Arranger with 622 Voices, USB to Host Audio and MIDI, 1/8″ AUX Input, and Yamaha Education Suite

Categories: , , Tag: Brand:
ခလုပ် ၆၁ ခု ပါတဲ့ 61-key Portable Arranger Keyboard တစ်လုံး ဖြစ်ပါတယ် ။
အသံကာလာ 622 , တစ်ကိုယ်တော် တီးဝိုင်းဆန်ဆန်တီးနိုင်ဖို့ 205  Accompaniment Styles နဲ့ 154 songs အသင့် ပါဝင်ပါတယ် ။ စတင်လေ့လာသူတွေအတွက် Nine-step lesson function (Yamaha Education Suite) ပါဝင်ပါတယ် ။ ကိုယ်တီးတဲ့သီချင်းကို midi songs မှတ်သားထားနိုင်တဲ့ Recording function လည်း ပါဝင်တယ် ။ မီဒီသာမက Audio Wave အနေနဲ့ပါ ဖမ်းယူနိုင်ဖို့ Audio Recording အတွက် 2-track song recorder စနစ်ပါရှိ့ပါတယ် ။ ဖုန်း – တက်ပလက်တွေက အသံတွေကိုချိတ်ဆက်တွဲဖွင့်အသုံးပြုနိုင်တဲ့ AUX IN jack for connecting an external audio source ပါတယ် ။ အဖိအဖေါ့ ခံစားချက်ရသ ကို ပေးနိုင်တဲ့ Touch sensitive လည်း ဒီမော်ဒယ် မှာ ပါဝင်လာပါပြီ ။ 11 Super Articulation Lite Voices ဖန်ရှင် အသစ်လည်း ပါဝင်လာပါတယ် ။
USB – Type B အပေါက် ပါဝင်လာတဲ့ USB ပရင်တာကြိုး အသုံးပြု ကွန်ပြူတာ နဲ့ ချိတ်ဆက်လို့ မိမိတို့ရဲ့ Home Audio Recording Studio တွေ မှာ Midi Controller Keyboard တစ်လုံး အဖြစ် အသုံးချနိုင်ပါတယ် ။
Yamaha PSR E373 Keyboard မှာ USB စတစ်အတွက် အပေါက် မပါတဲ့အတွက် ကွန်ပြူတာ နဲ့ E373 ကို USB ပရင်တာ ကြိုးနဲ့ချိတ်ပါ ။ YAMAHA Misicsoft Downloader software ကို အောက်ဆုံး မှ လင့်မှာ ဒေါင်းပြီး ကွန်ပြူတာ မှာ install လုပ်ပါ ။ ပြီးလျှင် ဆောစ်ဝဲ နဲ့ Yamaha PSR E 373 အတွက် Style တွေ သွင်းပေးလို့ရပါတယ် ။ Yamaha PSR E 373 အတွက် Style တွေ တော့ သီးသန့် လုပ်ထားဖို့ လိုပါတယ် ။ သွင်းပုံသွင်းနည်း နမူနာကို ဒီလင့်က မူဗီ မှာ လေ့လာနိုင်ပါတယ် ။
0

TOP

X